Blogger Widgets

Borland C++ compiler install လုပ်နည်း


နောက်ထပ်တင်ပေးမယ့် ဗိုင်းရပ်ဖန်တီးခြင်းအပိုင်းတွေအတွက် ဒီပို့ကိုတင်ပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဖန်တီးတဲ့နေရာမှာ C Programming Languageကို သုံးမှာ ဖြစ်လို့ပါ။ သိပြီး၊ တတ်ပြီးသားသူတွေအတွက်မဟုတ်ပါဘူး။ C Programming ကို မသိသေးတဲ့သူတွေနဲ့ C Programming ကို အခုမှစတင်သင်ကြားနေသူတွေအတွက်ပါ။ ထုံစံအတိုင်း သူများ post ကို ဘာသာပြန်ပြီးတင်ပေးလိုက်တာပါပဲ။ Borland C++ compiler 5.5 ကို ဘယ်လို install လုပ်မလဲနဲ့ C Programs ကိုဘယ်လို Compile(ပရိုဂရမ် ဘာသာစကား တစ်ခုခုဖြင့် ရေးသားထားသော အမိန့်ညွှန်ကြားချက် ကို စက်နားလည်အောင် ပြောင်းလဲပေးရန် ကွန်ပျူတာပရိုဂရမ်ကို အသုံးပြုသည်။ဘယ်လိုလုပ်မလဲ ဆိုတာပါ။


Borland C++ compiler ကိုဘယ်လို installလုပ်မလဲ

(၁) Borland C++ compiler5.5 ကို ဒီမှာ သွားပြီးတော့ဒေါင်းလို့ ရပါတယ်။

(၂)download လုပ်ပြီးပြီးဆိုရင်တော့ freecommandlinetools.exe ကို run လိုက်ပါ။ သီးခြား location သတ်မှတ်ပေးထားခြင်း မရှိဘူးဆိုရင်တော့ C:\Borland\BCC55 ထဲကို installation လုပ်ပါလိမ့်မယ်။
Borland C++ compile ကို configure[(အခြားပစ္စည်းများနှင့် တွဲဖက်သုံးနိုင်ရန်) သီးသန့် စီစဉ်ထားရှိသည်။] ဘယ်လိုလုပ်မလဲ

(၁)Borland C++ compier ကို install လုပ်ပြီးရင် Text Document နှစ်ခု ဖန်တီးလိုက်ပါ။ပထမ new text document.txt ဖိုင်ကိုဖွင့်ပြီး အောက်မှာပေးထားတဲ့ code နှစ်ခုကိုထည့်ပေးလိုက်ပါ။

-l"c:\Borland\Bcc55\include"

-L"c:\Borland\Bcc55\lib"

(၂)ပြီးရင် အဲဒီ New Text Document.txt ကို bcc32.cfg နဲ့ rename ပေးပြီး save လိုက်ပါ။ Save as type နေရာ All files ပြောင်းပေးဖို့လိုပါတယ်။

(၃)ပြီးရင် ဒုတိယ New Text Document(2).txt ဖိုင်ကိုဖွင့်ပြီး အောက်က code ကိုထည့်ပေးပါ။

-L"c:Borland\Bcc55\lib"

(၄)code ထည့်ပြီးသွားရင် ilink32.cfg နဲ့ saveလိုက်ပါ။ Save as type ကတော့ All files ပါပဲ။

(၅)အခုလုပ်ပြီးသွားတဲ့ ဖိုင်နှစ်ခု (bcc32.cfg နဲ့ ilink32.cfg)ကို copy လုပ်ပါ။ ပြီးရင် C:\Borland\BCC55\Bin ထဲကိုသွားပြီး paste ပေးလိုက်ပါ။

C source code (.C files) ကိုဘယ်လို compile ဖြစ်အောင်လုပ်မလဲ

(၁)ပထမဆုံး .C (example.c) ဖိုင် ကို compile ဖြစ်လာဖို့ အောက်ပါ location ထဲမှာ သွားထည့်လိုက်ပါ။

C:\Borland\BCC55\Bin

(သင် compile ဖြစ်ချင်တဲ့ (.c) နဲ့ save ထားတဲ့ C source code ကိုဆိုလိုပါတယ်)

(၂)command prompt ကိုဖွင့်လိုက်ပါ။ ( Start>Run>type cmd > Enter)

(၃)ပြီးရင် C:\Borland\BCC55\Bin\bcc32 example.c ကိုရိုက်လိုက်ပါ။ (CD command ကိုသုံးပါ)

(၄) source code ထဲမှာ error မရှိဘူး ဆိုရင်တော့ (example.exe) ဖိုင်ကို locationတခု(C:\Borland\BCC5\Bin) ထဲမှာတွေ့ရ မှာဖြစ်ပါတယ်။ကဲ..အခု source code ကို executable file(.exe file)အဖြစ် compiled လုပ်ခြင်းအောင်မြင်သွားပြီးဆုံးသွားပါပြီး။

(Srikanth ရဲ့ How to Compile C Programs မှ)

0 comments: