Blogger Widgets

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

သွေး က ပြောတဲ့ စိတ်ထား



A = စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်လွယ်သူများ ဖြစ်ကြပြီး၊
ဝေဖန်ခံနိုင်စွမ်းရည် အားနည်းကြသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး
အချစ်ကြီးတတ်သူများ ဖြစ်ကြသည်။ တစ်ဦးဆိုတစ်ဦး စွဲ၂လန်း၂ ဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွါရလျှင် အခြားသူများထက် ပိုရွေ့ ခံစားရတတ်သည်။


B = မိမိတို့နေတတ်သလို စိတ်ချမ်းသာသလိုသာ နေထိုင်ပြုမူ တတ်ကြသည်။အချုပ်အချယ်မခံလိုဘဲလွတ်လပ်စွာ
နေလိုစိတ်ပြင်းပြကြသလို ဖန်တီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်း ရှိကြသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး ရံဖန်ရံခါ အချစ်ကို ပေါ့၂ဆ၂ သဘောထားတတ်ကြသလို မိမိကိုယ်ကိုသာ
ပိုမိုခင်တွယ်၊ ဦးစားပေးတတ်ရွေ့ ချစ်သူတို့၏ ငြီးငွေ့ခြင်းကို
ခံရတတ်သည်။


O = လွန်စွာ ပြင်းထန်သော၊တိကျသော၊ပြတ်သားသော သူများ ဖြစ်ကြပြီး၊
ရည်မှန်းချက် ကြီးမားကာ မဖြစ်မနေ လုပ်ဆောင်တတ်ကြသလို .. အားသွန်ခွန်စိုက်ဆောင်ရွက်တတ်ကြ၏။ အချစ်ရေးနှင့် ပတ်သက်ပြီး မိမိကိုယ်ကိုမိမိ အချစ်ကြီးသည်၊ အစွဲအလန်းကြီးသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက်
မဟုတ်ပဲ ချစ်သူနှင့် ခွဲခွါရလျှင် မကြာခင် ဖြေဖျောက်နိုင်သူများ
ဖြစ်ကြသည်။


AB - အရာ၂ကို မျှ၂တ၂ ဝေဖန်ပိုင်းခြားဆင်ခြင်တတ်ကြပြီး၊ မိမိသဘော ဆန္ဒသက်၂ကို မကြည့်ဘဲ အများ၏ ဆန္ဒကို ဆောင်ရွက်တတ်ကြသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး စိတ်ကူးယဉ်အိမ်မက် မက်လွန်းသူများ ဖြစ်ကြသည်။ အခြေအနေမှန်နှင့် ကင်းကွာနေတတ်ကြသည်။


ဘီလ်ဂိတ်ပြောတဲ့ အကြံဥာဏ် (၁၁)ခု



Facebook ပေါ်က တွေ့လို့ သဘောကျလို့ ပြန်တင်ပေးလိုက်တာပါ...


ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ် ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ 

ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး

။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။


" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( ၁)


" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( ၁)

အခုတင်မယ့် သွားများ ဖြူဝင်းစေတဲ့ နည်းလမ်းကို
တစ်ချို့ သူငယ်ချင်းများလည်း သိချင်သိမှာပါ
မသိတဲ့ သူငယ်ချင်းများလည်း ရှိမှာပါ ဘာပဲဖြစ်ဖြစ်


အားလုံး ဗဟုသုတ ရစေတာပေါ့နော်


သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။

- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော်။
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ။
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်။

- ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
- ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
- နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ


ရင်ဆိုင်မလား? မျက်ကွယ်ပြုမလား? (သို.မဟုတ်)"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?"


ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဆိုတဲ့စာအုပ်ကို နာရီဝက်အတွင်းပြီးအောင် ကျွန်တော်တို့ဖတ်နိုင်ပေမယ့် စာအုပ်ထဲက အကြောင်းအရာကိုတော့ တစ်သက်တာအချိန်နဲ့ ကျွန်တော်တို့ခံစားရလိမ့်မယ်။

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဒါဟာ လူတိုင်းကိုယ့်ကိုယ် နေ့စဉ်မေးတဲ့မေးခွန်းဖြစ်တယ်။ ဒါဟာ "စားပြီးပြီလား?" ဆိုတဲ့မေးခွန်းလောက် အရေးပါပါတယ်။


ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ.နေနိုင်မလဲ (ဖတ်ဖြစ်အောင် ဖတ်နော်)


 ဇိမ်ခံရွက်သင်္ဘောနှင်. အပန်းဖြေခရီးထွက်လာသည်. လုပ်ငန်းရှင်ကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း တံငါ သည် တစ်ယောက်နှင်. တွေ.သည်။
  တံငါက လှေနံဘေးမှာ အေးအေးဆေးဆေးလှဲကာ ဆေးတံကို ခဲ၍နေသည်။
  သူ.ပုံစံကို ကြည်.ကာ သူဌေးကြီး စိတ်ပျက်သွားကာ ဂရုဏာဒေါသ နှင်.မေးလိုက်ပါတယ်။
  မင်း ဘာလို. ငါဖမ်း မထွက်ဘဲ ဒီမှာ ထိုင်နေတာလဲ


အရှေ့တောင်အာရှနိုင်ငံများ၏ ဗုဒ္ဓဘာသာဝင်အရေအတွက်


၁ - ဗီယက်နမ်နိုင်ငံ - ၇၄,၂၆၈,၇၅၀ သန်း ( ၈၅ ရာခိုင်နှုန်း )

၂ - ထိုင်းနိုင်ငံ - ၆၁,၈၁၄,၇၄၂ သန်း (၉၂.၆ ရာခိုင်နှုန်း )

၃ - မြန်မာနိုင်ငံ - ၄၈,၀၁၉,၂၀၀ သန်း ( ၇၉.၆ ရာခိုင်နှုန်း )

၎ - ကမ္ဘောဒီးယားနိုင်ငံ - ၁၃,၉၃၈,၄၆၀ သန်း ( ၉၈.၅ ရာခိုင်နှုန်း )


ဘ၀ပန်းတိုင် နှင်. ရည်မှန်းချက်


မေးခွန်းတကာတို.တွင် အရေးအကြီးဆုံးမေးခွန်းသည် ဘ၀ ရည်မှန်းချက်ပင်ဖြစ်သည်။ ဤကမ္ဘာမြေပေါ်မှာ ကျွန်ုပ်တို.ဘာလုပ် နေကြသလဲ။ ဘယ်ဆီက ကျွန်ုပ်တို.လာခဲ.ကြသလဲ။ ဘယ်ဆီသို. ကျွန်ုပ်တို. သွားနေကြသလဲ။
ဘ၀၏ အဓိပ္ပယ် ဆိုတာ ဘာလဲ။ ကျွန်ုပ်တို.၏ဘ၀ကံကြမ္မာက ဘာလဲ။
ဤမေးခွန်းများသည် အမှန်တကယ်ပင် အလွန်အရေးကြီးကြသည်။ ဤမေးခွန်းများကို ဖြေကြားရန်လိုသည်။ သို.သော် ဤမေးခွန်းတို.သည် ဒဿနိကဗေဒပညာရှင်များကို ခေတ်အဆက်ဆက် စိတ်ရှုပ်ထွေးစေခဲ.သည်။
ဘာထရန်ရတ်ဆယ်နှင်. လီယိုတော်စတွိုင်ကဲ.သို.သော ခေတ်သစ်တွေးခေါ်ရှင်ကြီးများကပင်လျှင် အဖြေရှာမရကြောင်းဝန်ခံကြရသည်။


ဆရာကံချွန်၏ မှတ်သားသင်.သောဆုံးမစကားများ


၁။လူ့ဘဝမှာ မကြုံကြိုက်သင့်ဆုံး အရာဟာ "နောင်တ"ပါ။

မလုပ်သင့်ဆုံး အရာဟာ "အမှား"ပါ။

မရှိသင့်ဆုံး အရာဟာ "မကောင်းမှု"ပါ။


၂။"မရှိကို အရှိမလုပ်မိပါစေနဲ့။

အရည်အချင်းဆိုတာ ကိုယ့်မရှိဘဲနဲ့ သူများဆီက ငှါးထားလို့ မရပါဘူး။"


၃။"လောကကြီးမှာ ရိုးသားလို့ အထင်သေးခံရတယ် ဆိုတာ မရှိပါဘူး။

မရိုးသားလို့ အထင်သေးခံရတယ်ပဲ ရှိပါတယ်။"


ထမင်းစားပြီးလျှင် ရှောင်ကျဉ်သင့်သောအချက်(၇)ချက်


မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမ်းစားနေကြသည်ဖြစ်ရာ ထမ်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။


သင့်မှာဘယ်လိုအကျင့်စရိုက်ရှိလည်း( သိချင်ရင်ဖတ်)



၂၀၀၅၊ နိုဝင်ဘာ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ၀င်းကိုကို
တင်ပြတာ ဖြစ်ပါတယ်။

ကျနော့်အနေနဲ့က ဗေဒင်ဆို စိတ်ချမ်းသာအောင် ဟောတဲ့ ဗေဒင်ပဲ ယုံပါတယ်။
ဒါမျိုးလေးတွေလည်း ဘာပဲ ပြောပြော အပျင်းပြေ အနေနဲ့ သဘောကျပါတယ်။
ဒီဟာလေးကို ကျနော့် မွေးနေ့နဲ့ စမ်းကြည့်တာ မှန်သလိုလို ဖြစ်နေလို့
အားလုံးကိုလည်း share လုပ်လိုက်တာပါ။


သင်၏ မျက်နှာ ပေါ်မှ မှဲ့များအကြောင်း


မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်
ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။