Blogger Widgets

Disable & Enable Task Manager


Task Manager ဆိုတာကတော့ အသုံးဝင်တဲ့ အရာတစ်ခုပါ ။ တစ်ခါတလေ မှာ ကိုယ်က software တစ်ခုကိုဖွင့်လိုက်လို့ မှ အဲဒီ့ကောင်က တလွဲလုပ်ရင် တိန် နေပီ .. စက်က .. ဘယ်လိုလုပ်လို့ ဘယ်လိုကိုင်ရမယ်မသိဘူး .. အဲဒီ့ အခါကျရင် task manager ကိုခေါ်ပြီးတော့ အဲဒီ့ software ကလေးကို
End task ကလေးပေးလိုက် .. တော်ရုံတန်ရုံဆိုရင် အဆင်ပြေသွားပါတယ်ဗျာ .. Task manager ကနေပြီးတော့ တခြားလုပ်လို့ရတာကလေးတွေ လည်း အများကြီးရှိပါတယ် ... အဲဒီ့တော့ ကိုယ်က အဲလို Task manager အကူအညီနဲ့ များ ပိတ်ချင်တယ်ဆိုရင် အဲဒီ့ကောင်က မရှိ / ဖွင့်လို့ မရ ဆိုရင် တိန်ပြန်ရော .. အဲဒီ့လို အခက်အခဲ လေးတွေ များရှိလာခဲ့ရင် အဆင်ပြေအောင်ပါ .. သူရှိတဲ့နေရာကတော့
C:\Windows\System32\taskmgr.exe အဲဒီ့နေရာကလေးမှာပါ ။

Task manager ကို ဘယ်လို ခေါ်မလဲ ..


၁ ။ Ctrl + Shift + Esc ဆိုရင် ရပါတယ် ။
၂။ Ctrl + Alt + Delete ဆိုရင်လည်းရပါတယ် ။
၃။ Start => Run => taskmgr ဆိုရင်လည်း ရပါတယ် ။
၎။ အောက်က taskbar ကို R-click ထောက်ပြီးရင် တော့ Task manager ဆိုရင်လည်းရပါတယ် ။

ကဲ ....မရဘူးဆိုရင်တော့ အောက်က နည်းကလေးတွေ အတိုင်းကလေး ပြန်ဖော်ကြည့်ကြရအောင်ပါ ...

နည်းလမ်း ( ၁ )

၁ ။ Start => Run => regedit ဆိုပြီးရိုက်လိုက်ပါ ။
၂ ။ HKEY_CURRENT_USER =>Software => Microsoft => Windows => CurrentVersion => Policies =>System အဲဒီ့ အတိုင်းကလေး တဆင့်ချင်း သွားလိုက်ပါ။
၃ ။ ပြီးရင်တော့ DisableTaskMgr ဆိုတာကလေးကိုရှာလိုက်ပါဦး ..
၎ ။ တွေ့ပြီဆိုရင်တော့ အဲဒီ့မှာ REG_DWORD တန်ဖိုးက 1 ဖြစ်နေတယ်ဆိုရင် 0 ကို ပြင်ပေးလိုက်ပါ ။

1 ကတော့ disable တန်ဖိုးဖြစ်ပြီးတော့ 0 ကတော့ Enable တန်ဖိုးဖြစ်ပါတယ် ခင်ဗျာ ။
အဲ ဒါကတော့ Registry Editor ကနေပြီးတော့ ၀င်ပြင်တာပါ ။။

နည်းလမ်း ( ၂ )

ဒါကတော့ Group Policy ကနေပြီးတော့ ပြင်တာဖြစ်ပါတယ် ...

၁ ။ Start => Run => gpedit.msc ဆိုပြီးရိုက်လိုက်ပါ ။
၂ ။ ပြီးရင်တော့ အဲဒီ့ အထဲမှာ User Configuration => Administrative Templates => System ထိသွားလိုက်ပါ ။
၃ ။ အဲဒီ့ကိုရောက်သွားပြီဆိုရင်တော့ ညာဘက်ခြမ်းမှာ Ctrl+Alt+Delete options ကိုရှာလိုက်ပါခင်ဗျာ ။ ပြီးရင်တော့ အဲဒါကလေးကိုဖွင့်လိုက်ပါ ။
၎ ။ ဖွင့်လိုက်ပြီးပြီဆိုရင်တော့ Remove Task Manager ဆိုတာကလေးကို ထပ်ပြီးတော့ Double- click ကလေးပေးပြီးတော့ ဖွင့်လိုက်ပါဦး ။
၅ ။ အဲဒီ့မှာ Box တစ်ခု ပေါ်လာပါလိမ့်မယ် ခင်ဗျာ .. အဲဒီ့မှာတော့ Not configured ကို ပေးထားတယ်ဆိုရင်တော့ Disable ကို ပေးပြီးတော့ ကေလိုက်ပါ ။ အဲဒါမှ မရသေးရင်တော့ နောက်တစ်ခါ အပေါ်ကအတိုင်းလေး ထပ်ဝင်ပြီးတော့ Not configured ပေးကြည့်လိုက်ပါ ခင်ဗျာ ။

0 comments: