Blogger Widgets

ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ.နေနိုင်မလဲ (ဖတ်ဖြစ်အောင် ဖတ်နော်)


 ဇိမ်ခံရွက်သင်္ဘောနှင်. အပန်းဖြေခရီးထွက်လာသည်. လုပ်ငန်းရှင်ကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း တံငါ သည် တစ်ယောက်နှင်. တွေ.သည်။
  တံငါက လှေနံဘေးမှာ အေးအေးဆေးဆေးလှဲကာ ဆေးတံကို ခဲ၍နေသည်။
  သူ.ပုံစံကို ကြည်.ကာ သူဌေးကြီး စိတ်ပျက်သွားကာ ဂရုဏာဒေါသ နှင်.မေးလိုက်ပါတယ်။
  မင်း ဘာလို. ငါဖမ်း မထွက်ဘဲ ဒီမှာ ထိုင်နေတာလဲ

  မနက်အစောကြီးကတည်းကဘဲ တစ်နေ.စာ ဖမ်းလို. ပြီးပြီဗျ  တံငါသည်က ဖြေသည်။
  ဟ ဒါဆို နောက်ထပ်မဖမ်းတော.ဘူးလား၊
  ဖမ်းပြီး ဘာလုပ်ရမှာလဲ၊
"  ထပ်ဖမ်းတော. ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ.ကွ၊
  ပိုက်ဆံများများရတော. မင်းလှေမှာ စက်တပ်လို.ရမယ်၊
  စက်နဲ.ဆိုရင် ပင်လယ်ထဲ အဝေးကြီး ထွက်နိုင်မယ်၊
 အဲ.ဒီမှာ ငါးပိုရမယ်၊ အဲဒါတွေ ရောင်းပြီး ပိုက်ဆံစုရင် မင်း နိုင်လွန်
 ပိုက် ၀ယ်နိုင်မယ် ၊ နိုင်လွန်ပိုက်နဲ. ဖမ်းတော. ငါးပိုရမယ်၊ ငွေပိုရမယ်၊
 လှေတစ်စီးက နှစ်စီး ဖြစ်လာမယ်၊ ဒီထက် အမြောက်အမြားလဲ  ဖြစ်
လာ နိုင်တယ်၊ အဲ.ဒီဒါ မင်းငါ.လို သူဌေးတစ်ယောက် ဖြစ်လာမှာပေါ.ကွ "
 
 သူဌေးကြီးက ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။


 အဲ.ဒီခါကျတော. ကျွန်တော်က ဘာလုပ်ရမှာလဲ


 အဲ.ဒီဒါ မင်းငါ.လို အေးအေးဆေးဆေး ဇိမ်နဲ.နေနိုင်မှာပေါ.ကွာ


သြ၊  ကျွန်တော် အခုကော ဘာလုပ်နေတယ် ထင်လို.လဲ.



    ဆရာဖေမြင်.၏  နှလုံးသား အာဟာရ များမှ ပြန်လည်မျှဝေ လိုက်ခြင်းဖြစ်ပါတယ်။

0 comments: