Blogger Widgets

Folder Option ဖော်မယ် ၊ ဖျောက်မယ်

ကျနော့်ကွန်ပြူတာမှာ Folder Options ပျောက်သွားလို့ ခဏလောက်တော့ ခေါင်းစားသွားရပါတယ်။ စဉ်းစားခန်းဖွင့်လိုက်သေးတယ်။ ဘယ်နဲ့ပျောက်သွားရတာပါလိမ့်။ Folder Option ဆိုတာကို မိမိရဲ့ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် အများကိုမမြင်မတွေ့စေချင်တဲ့ file (or) folder များကို မြင်ကွင်းမှ ဖျောက်ထားခြင်း၊ မြင်ကွင်းပေါ်သို့ ပြန်ရောက်အောင် ပြန်ခေါ် ခြင်းတို့မှာ များသောအားဖြင့် အသုံးပြုတတ်ကြပါတယ်။

ကျနော်လည်း file တစ်ချို့ကို ဖျောက်ထားမလို့ လုပ်မယ်အကြံမှာ Tools ထဲမှာ Folder Options ရှိမနေဘူး။ ဒါများ ခက်တာမှတ်လို့ Control panel ထဲကိုသွားမှာပေါ့။ ရော အဲဒါမှ ခက်ပြီး . . . Control panel ထဲမှာ လည်း မရှိဘူးဗျ။ ဘယ်လိုလုပ်ရမလဲ ? အဲဒီတော့ ကျနော့်ဆရာတွေအထဲက ကျနော်နဲ့အနီးဆုံးရှိနေတဲ့ ဆရာကိုမေးရတော့မှာပေါ့။ အဲလိုနဲ့ ကျနော့်ဆရာတစ်ဦးဖြစ်တဲ့ google.com ဆီဝင်မေးလိုက်ရပါတယ်။

Folder Options ပျောက်ဆုံးခြင်းဟာ ဗိုင်းရပ်စားတာ ဖြစ်နိုင်ပါတယ်တဲ့။ ကဲ့ ပျောက်သွားတဲ့ Folder Options ကို ကျနော်တို့ ပြန်ခေါ် ကြရအောင် . . .

အရင်ဆုံး Start ထဲက Run ဆီကိုသွားရပါမယ်။
Run box ထွက်လာတဲ့အခါမှာ gpedit.msc ကိုရိုက်ပြီး ok ပေါ့။

ကဲ ပေါ်လာတဲ့ box ထဲမှာမှ . . . .
User Configuration -> Administrative Template -> Windows Components -> Windows Explorer
အဲလို တစ်ဆင့်ပြီးဆင့်သွားလိုက်ပေါ့။

ထွက်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး ၂ချက် ကလင့်လိုက်ပါ။ ထပ်ထွက်လာတဲ့ box ထဲက Disable ကိုရွေးလိုက်ပေါ့။
တကယ် လို့ ဖျောက်ခြင်တယ်ဆိုရင်တော့ Enable ကို ရွေးပေးလိုက်ပေါ့ဗျာ….Folder Option မှ မဟုတ်ပါဘူး အခြား File Menu တို့ဘာတို့ ကိုလဲ အဲ့မှာပေါ်အောင် ပျောက်အောင် လုပ်လို့ရတယ်ဗျ…ကလိကြည့်လိုက်ပေါ့နော်….
ကဲ့ အဲဒါတွေအားလုံးပြီးရင်တော့ ကျနော်တို့ Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့ ပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေဗျာ . . .။

0 comments: